How to install LAMP on Debian

How to install LAMP on Debian

LAMP ဆိုတာကတော့ Linux, Apache, MySQL, and PHP ပဲဖြစ်ပါတယ်။ LAMP ကတော့ open source web development platform အတွက်ဖြစ်ပြီးတော့ Linux Operation system ပေါ်မှာ Apache Web Server,MySQL Data management system,PHP object-oriented scripting language ပေါင်းစည်းပြီးအသုံးပြုထားတာပဲဖြစ်ပါတယ်။တစ်ခါတလေမှာ Perl or Python တို့ကိုလည်းအသုံးပြုတက်ကြပါသည်

ကျနော်တို့Linux မှာမျိုးကွဲတွေအများကြီးရှိပါတယ်။အကုန်လုံးမှာတင်နည်းကို ကျနော်ပြောပြနေရင် ကြာသွားမှာဆိုးလို့ လူသုံးများတဲ့ Debian OS ပေါ်ပဲမူတည်ပြီးပြောပြပေးပါ့မယ်။

ဒီနည်းအတိုင်းတခြား Debian အနွယ်ဝင်တွေဖြစ်တဲ့ Kali Linux,Ubuntu,Linux mint,backbox,etc.. အစ ရှိသည်တွေမှာသွင်းနိုင်ပါသည်။အခုသွင်းမယ့်နည်းတွေအကုန်လုံးက command line ကနေပဲသွင်းသွားမှာပါ။

အရင်ဆုံးကျနော်တို့ရဲ့စက်ကို update တစ်ချက်လုပ်ပေးပါ။

apt-get update

နောက်တစ်ဆင့်မှာကျနော်တို့ apache web server ကို install လုပ်ပေးပါမယ်။

apt-get install apache2

MySQL database ကို install လုပ်ပါမည်။

apt-get install mysql-server

mysql server install လုပ်နေချိန်တွင် mysql password ပေးခိုင်းပါလိမ့်မည်။မိမိတို့ အသုံးပြုမည့် password ထည့်ပေးလိုက်ပါ။

ကျနော်တို့အသုံးပြုမည့် MySQL ပိုမိုလုံခြုံစေရန် secure installation လုပ်ပေးရန်လိုပါသည်။command line မှရိုက်ပေးလိုက်ပါ။

mysql_secure_installation

Change the root password? [Y/n] n Remove anonymous users? [Y/n] Y Disallow root login remotely? [Y/n] Y Remove test database and access to it? [Y/n] Y Reload privilege tables now? [Y/n] Y

အပေါ်ကအဆင့်တွေအတိုင်းရွေးပေးလိုက်ပါ။password တောင်းရင်ကျနော်တို့အပေါ်မှာပေးခဲ့တဲ့ mysql password ကိုပြန်ရိုက်ပေး လိုက်ပါ။

ကျနော်တို့ apache,mysql သွင်းပြီးသွားရင် php ကိုကျနော်ဆက်လက် install ပြုလုပ်ပါမည်။php5 ကိုပဲ ကျနော် install လုပ်ပြသွားပါမည်။

apt-get install php5 php-pear php5-mysql

ကျနော်တို့ apache,mysql,php စတာတွေကိုအကုန် install လုပ်ပြီးသွားပါပြီ။Server မှာ apache service တွေအလုပ်မလုပ်သိဖို့အတွက် apache ကို restart ချကြည့်လိုက်ပါ။command line ကနေ run ပေးပါ။

service apache2 restart

browser ကနေ မိမိရဲ့ vps ip သို့မဟုတ် local မှာ install လုပ်တာဆိုရင် localhost စသည်ဖြင့် ခေါ်ပြီးကြည့်နိုင်ပါသည်။